********* ပုဗ္ဗဏှသုတ် (ပါဠိ) *********
             ••••••••••••••••••••••
၁ ။   ယံ ဒုန္နိမိတ္တံ အ၀မင်္ဂလဉ္စ ၊
       ယော စာ မနာပေါ သကုဏဿ သဒ္ဒေါ ။
       ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ ၊
       ဗုဒ္ဓါနုဘာဝေန ၀ိနသ မေန္တု ။
၂ ။   ယံ ဒုန္နိမိတ္တံ အ၀မင်္ဂလဉ္စ ၊
       ယော စာ မနာပေါ သကုဏဿ သဒ္ဒါ ။
       ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ ၊
       ဓမ္မာ နုဘာဝေန ၀ိနာသ မေန္တု ။
၃ ။   ယံ ဒုန္နိမိတ္တံ အ၀မင်္ဂလဉ္စ ၊
       ယော စာ မနာပေါ သကုဏဿ သဒ္ဒေါ ။
       ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ ၊
       သံဃာနုဘာဝေန ၀ိနာသ မေန္တု ။
၎ ။   ဒုက္ခပ္ပတ္တာ စ နိဒ္ဒုက္ခာ ၊
       ဘယပ္ပတ္တာ စ နိဗ္ဘယာ ။
       သောကပ္ပတ္တာ စ နိေဿာကာ ၊
       ဟောန္တု သဗ္ဗေပိ ပါဏိနော ။
၅ ။   ဧတ္တာဝတာ စ အမှေဟိ ၊
       သမ္ဘတံ ပုညသမ္ပဒံ ။
       သဗ္ဗေ ဒေ၀ါ နုမောဒန္တု ၊
       သဗ္ဗသမ္ပတ္တိ သိဒ္ဓိယာ ။
၆ ။   ဒါနံ ဒဒန္တု သဒ္ဓါယ ၊
       သီလံ ရက္ခန္တု သဗ္ဗဒါ ။
       ဘာဝနာဘိရတာ ဟောန္တု ၊
       ဂစ္ဆန္တု ဒေ၀တာ ဂတာ ။
၇ ။   သဗ္ဗေ ဗုဒ္ဓါ ဗလပ္ပတ္တာ ၊
       ပစ္စေကာနဉ္စ ယံ ဗလံ ။
       အရဟန္တာနဉ္စ တေဇေန ၊
       ရက္ခံ ဗန္ဓာမိ သဗ္ဗသော ။
၈ ။   ယံကိဉ္စိ ၀ိတ္တံ ဣဓ ၀ါ ဟုရံ ၀ါ ၊
       သဂ္ဂေသု ၀ါ ယံ ရတနံ ပဏီတံ ။
       န နော သမံ အတ္ထိ တထာဂတေန ၊
       ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ ။
       ဧတေန သစ္စေန သုဝတ္ထိ ဟောတု ။
၉ ။   ယံကိဉ္စိ ၀ိတ္တံ ဣဓ ၀ါ ဟုရံ ၀ါ ၊
       သဂ္ဂေသု ၀ါ ယံ ရတနံ ပဏီတံ ။
       န နော သမံ အတ္ထိ တထာဂတေန ၊
       ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ ။
       ဧတေန သစ္စေန သုဝတ္ထိ ဟောတု ။
၁၀ ။ ယံကိဉ္စိ ၀ိတ္တံ ဣဓ ၀ါ ဟုရံ ၀ါ ၊
       သဂ္ဂေသု ၀ါ ယံ ရတနံ ပဏီတံ ။
       န နော သမံ အတ္ထိ တထာဂတေန ၊
       ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ ။
       ဧတေန သစ္စေန သုဝတ္ထိ ဟောတု ။
၁၁ ။ ဘ၀တု သဗ္ဗမင်္ဂလံ ၊
       ရက္ခန္တု သဗ္ဗဒေ၀တာ ။
       သဗ္ဗ ဗုဒ္ဓါ နုဘာဝေန ၊
       သဒါ သုခီ ဘ၀န္တု တေ ။
၁၂ ။ ဘ၀တု သဗ္ဗမင်္ဂလံ ၊
       ရက္ခန္တု သဗ္ဗဒေ၀တာ ။
       သဗ္ဗ ဓမ္မာ နုဘာဝေန ၊
       သဒါ သုခီ ဘ၀န္တု တေ ။
၁၃ ။ ဘ၀တု သဗ္ဗမင်္ဂလံ ၊
       ရက္ခန္တု သဗ္ဗဒေ၀တာ ။
       သဗ္ဗ သံဃာ နုဘာဝေန ၊
       သဒါ သုခီ ဘ၀န္တု တေ ။
၁၄ ။ မဟာကာရုဏိကော နာထော ၊
       ဟိတာယ သဗ္ဗပါဏိနံ ။
       ပူရေတွာ ပါရမီ သဗ္ဗာ ၊
       ပတ္တော သမ္မောဓိ မုတ္တမံ ။
       ဧတေန သစ္စ၀ဇ္ဇန ၊
       သောတ္ထိ တေ ဟောတု သဗ္ဗဒါ ။
၁၅ ။ ဇယန္တော ဗောဓိယာ မူလေ ၊
       သကျာနံ နန္ဒိဝဍ္ဎနော ။
       ဧ၀မေ၀ ဇယော ဟောတု ၊
       ဇယဿု ဇယမင်္ဂလေ ။
၁၆ ။ အပရာဇိတပလ္လင်္ကေ ၊
       သီသေ ပုထု ၀ိပုက္ခလေ ။
       အဘိသေကေ သဗ္ဗဗုဒ္ဓါနံ ၊
       အဂ္ဂပ္ပတ္တော ပမောဒတိ ။
၁၇ ။ သုနက္ခတ္ကံ သုမင်္ဂလံ ၊
       သပ္ပဘာတံ သုဟုဋ္ဌိတံ ။
       သုခဏော သုမုဟုတ္တော စ ၊
       သုယိဋ္ဌံ ဗြဟ္မစာရိသု ။
၁၈ ။ ပဒက္ခိဏံ ကာယကမ္မံ ၊
       ပဒက္ခိဏံ မနောကမ္မံ ၊
       ပဏီဓိ တေ ပဒက္ခိဏေ ။
၁၉ ။ ပဒက္ခိဏာနိ ကတွာန ၊
       လဘန္တတ္ထေ ပဒက္ခိဏေ ။
       တေ အတ္ထလဒ္ဓါ သုခိတာ ၊
       အရောဂါ သုခိတာ ဟောထ ၊
       သဟ သဗ္ဗဟိ ဉာတိဘိ ။
       ပုဗ္ဗဏှသုတ္တံ နိဋ္ဌိတံ ။         ။
----------------------------------------------
********* ပုဗ္ဗဏှသုတ် နိဿယ *********
             ••••••••••••••••••••••••
( ၁ ) ။ ယံ ဒုန္နိမိတ္တဉ္စ - အကြင်ဥက္ကာကျခြင်း လကြတ်ခြင်းစသော မကောင်းသော နိမိတ်သည်လည်းကောင်း ။ ယံ အ၀မင်္ဂလဉ္စ - အကြင် အမြင် ၊ အကြား ၊ အတွေ့ အားဖြင့် မကောင်းသော အမင်္ဂလာသည်လည်းကောင်း ။ သကုဏဿ - ငှက်ဆိုး၏ ။ အမနာပေါ - နှစ်သက်ဖွယ်မရှိသော ။ ယော သဒ္ဒေါ စ - အကြင် အသံသည်လည်းကောင်း ။ ယော ပါပဂ္ဂဟော စ - အကြင် တနင်္ဂနွေ ၊ အင်္ဂါ ၊ စနေ ၊ ရာဟု တည်းဟူသော ပါပဂြိုဟ်သည်လည်းကောင်း ။ အကန္တံ - နှစ်သက်ဖွယ်မရှိသော ။ ယံ ဒုဿုပိနဉ္စ - အကြင် မကောင်းသော အိပ်မက်သည်လည်းကောင်း ။ သန္တိ - ရှိကုန်၏ ။ ဧတေ ဒုန္နိမိတ္တာဒယော - ထို မကောင်းသော နိမိတ် အစရှိသည်တို့သည် ။ ဗုဒ္ဓါ နုဘာဝေန - ဘုရားရှင်တို့၏ ဂုဏ်ကို အာရုံပြု၍ဖြစ်သော စေတနာ၏  အာနုဘော်ကြောင့် ။ ၀ိနာသံ - ဝေးစွာကင်းစင် လွင့်ပျောက်ခြင်းသို့ ။ ဧန္တု -  ရောက်ပါစေကုန်သတည်း ။
( ၂ ) ။ ယံ ဒုန္နိမိတ္တဉ္စ - အကြင်ဥက္ကာကျခြင်း လကြတ်ခြင်းစသော မကောင်းသော နိမိတ်သည်လည်းကောင်း ။ ယံ အ၀မင်္ဂလဉ္စ - အကြင် အမြင် ၊ အကြား ၊ အတွေ့ အားဖြင့် မကောင်းသော အမင်္ဂလာသည်လည်းကောင်း ။ သကုဏဿ၊ ငှက်ဆိုး၏ ။ အမနာပေါ - နှစ်သက်ဖွယ်မရှိသော ။ ယော သဒ္ဒေါ စ - အကြင် အသံသည်လည်းကောင်း ။ ယော ပါပဂ္ဂဟော စ - အကြင် တနင်္ဂနွေ ၊ အင်္ဂါ ၊ စနေ ၊ ရာဟု တည်းဟူသော ပါပဂြိုဟ်သည်လည်းကောင်း ။ အကန္တံ - နှစ်သက်ဖွယ်မရှိသော ။ ယံ ဒုဿုပိနဉ္စ - အကြင် မကောင်းသော အိပ်မက်သည်လည်းကောင်း ။ သန္တိ - ရှိကုန်၏ ။ ဧတေ ဒုန္နိမိတ္တာဒယော - ထို မကောင်းသော နိမိတ် အစရှိသည်တို့သည် ။ ဓမ္မာ နုဘာဝေန - ဆယ်ပါးသော တရားတော်တို့၏ ဂုဏ်ကို အာရုံပြု၍ဖြစ်သော စေတနာ၏  အာနုဘော်ကြောင့် ။ ၀ိနာသံ - ဝေးစွာကင်းစင် လွင့်ပျောက်ခြင်းသို့ ။ ဧန္တု -  ရောက်ပါစေကုန်သတည်း ။
( ၃ ) ။ ယံ ဒုန္နိမိတ္တဉ္စ - အကြင်ဥက္ကာကျခြင်း လကြတ်ခြင်းစသော မကောင်းသော နိမိတ်သည်လည်းကောင်း ။ ယံ အ၀မင်္ဂလဉ္စ - အကြင် အမြင် ၊ အကြား ၊ အတွေ့ အားဖြင့် မကောင်းသော အမင်္ဂလာသည်လည်းကောင်း ။ သကုဏဿ - ငှက်ဆိုး၏ ။ အမနာပေါ - နှစ်သက်ဖွယ်မရှိသော ။ ယော သဒ္ဒေါ စ - အကြင် အသံသည်လည်းကောင်း ။ ယော ပါပဂ္ဂဟော စ - အကြင် တနင်္ဂနွေ ၊ အင်္ဂါ ၊ စနေ ၊ ရာဟု တည်းဟူသော ပါပဂြိုဟ်သည်လည်းကောင်း ။ အကန္တံ - နှစ်သက်ဖွယ်မရှိသော ။ ယံ ဒုဿုပိနဉ္စ - အကြင် မကောင်းသော အိပ်မက်သည်လည်းကောင်း ။ သန္တိ - ရှိကုန်၏ ။ ဧတေ ဒုန္နိမိတ္တာဒယော - ထို မကောင်းသော နိမိတ် အစရှိသည်တို့သည် ။ သံဃာနုဘာဝေန - သံဃာတော်တို့၏ ဂုဏ်ကို အာရုံပြု၍ဖြစ်သော စေတနာ၏  အာနုဘော်ကြောင့် ။ ၀ိနာသံ - ဝေးစွာကင်းစင် လွင့်ပျောက်ခြင်းသို့ ။ ဧကန္တု -  ရောက်ပါစေကုန်သတည်း ။
( ၄ ) ။ ဒုက္ခပ္ပတ္တာ - ကိုယ် ၊ စိတ် ဆင်းရဲဒုက္ခ ဆိုက်ရောက်နေကြကုန်သော ။ သဗ္ဗေပိ - အလုံးစုံလည်း ဖြစ်ကုန်သော ။ ပါဏိနော - သတ္တ၀ါတို့သည် ။ နိဒ္ဒုက္ခာ စ -  ဆင်းရဲ ကင်းကြကုန်သည်လည်း ။ ဟောန္တု - ဖြစ်ကြပါစေကုန်သတည်း ။ ဘယပတ္တာ - ဘေးဥပဒ် အန္တရာယ် ဆိုက်ရောက်နေကြကုန်သော ။ သဗ္ဗေပိ - အလုံးစုံလည်း ဖြစ်ကုန်သော ။ ပါဏိနော - သတ္တ၀ါတို့သည် ။ နိဗ္ဘယာ စ - ဘေးဥပဒ် အန္တရာယ် မရှိကြကုန်သည်လည်း ။ ဟောန္တု - ဖြစ်ကြပါစေကုန်သတည်း ။ သောကပ္ပတ္တာ - ဆွေမျိုးပျက်စီးခြင်း စသည်ဖြင့် စိုးရိမ်ပူဆွေးခြင်းသို့ ဆိုက်ရောက်နေကြကုန်သော ။ သဗ္ဗေပိ - အလုံးစုံလည်း ဖြစ်ကုန်သော ။ ပါဏိနော - သတ္တ၀ါတို့သည် ။ နိေဿာကာ စ - စိုးရိမ်ပူဆွေးခြင်း မရှိကြကုန်သည်လည်း ။ ဟောန္တု - ဖြစ်ကြပါစေကုန်သတည်း ။ 
( ၅ ) ။ ဧတ္တာဝတာ စ - ဤမျှအတိုင်းအရှည်ရှိသော သဒ္ဒါအစဉ် အနက်အစဉ်ဖြင့်လျှင် ( တရားအလျဉ် စကားအစဉ်ဖြင့် ) ။
အမှေဟိ - ငါတို့သည် ။ သမ္ဘတံ - ကောင်းစွာ ဆည်းပူးအပ်သော ။ ပုညသမ္ပဒံ - ကောင်းမှု၏ ပြည့်စုံခြင်းကို ။ သဗ္ဗေ - ခပ်သိမ်းကုန်သော ။ ဒေ၀ါ - နတ်တို့သည် ။ သဗ္ဗသမ္ပတ္တိသိဒ္ဓိယာ - ခပ်သိမ်းကုန်သော လောကီ လောကုတ္တရာ စည်းစိမ်များစွာ ချမ်းသာအကုန် ပြည့်စုံပြီးမြောက်ခြင်းငှာ ။ အနုမောဒန္တု - ဝမ်းမြောက်ကြစေကုန်သတည်း ။ 
( ၆ ) ။ သဒ္ဓါယ - ရတနာသုံးတန် ကံ ကံ၏ အကျိုး မြတ်နိုးယုံကြည်ကြကုန်၍ ။ ဒါနံ - အလှူဒါနကို ။ ဒဒန္တု - ပေးလှူစေကုန်သတည်း ။ သဗ္ဗဒါ - အခါခပ်သိမ်း ။ သီလံ - သီလကို ။ ရက္ခန္တု - စောင့်စေကုန်သတည်း ။ ဘာဝနာဘိရတာ - ကမ္မဋ္ဌာန်းဘာဝနာ၌  လွန်စွာမွေ့လျော်ကြကုန်သည် ။ ဟောန္တု - ဖြစ်စေကုန်သတည်း ။ အာဂတာ - ပရိတ်တရားတော် နာယူရန် ဆိုက်ရောက်လာကြကုန်သော ။ ဒေ၀တာ - နတ်တို့သည် ။ ဂစ္ဆန္တု - ကိုယ့်ရပ်ဌာန ပြန်ကြပါကုန်လော့ ။ 
( ၇ ) ။ ဗလပတ္တာ - ကိုယ်တော်အားဆယ်ပါး ဉာဏ်တော်အားဆယ်ပါးသို့ ရောက်တော်မူကုန်သော ။ သဗ္ဗေ - ခပ်သိမ်းကုန်သော ။ ဗုဒ္ဓါ စ - မြတ်စွာဘုရားတို့သည်လည်းကောင်း ။
ပစ္စေကာနဉ္စ - ပစ္စေကဗုဒ္ဓါသည်လည်းကောင်း ။ ယံ ဗလံ - အကြင် အာနုဘော်သည် ။ အတ္ထိ - ရှိ၏ ။ ဧတေန ဗလေန စ - ထိုတန်ခိုးတေဇော် အာနုဘော်တော်အားဖြင့်လည်းကောင်း ။ အရဟန္တာနံ - ရဟန္တာတို့၏ ။ တေဇေန စ - တန်ခိုးတေဇော် အာနုဘော်တော်အားဖြင့်လည်းကောင်း ။ သဗ္ဗသော - ခပ်သိမ်းသော အရပ်ဆယ်မျက်နှာမှ ။ ရက္ခံ - အစောင့်အရှောက်ကို ။ အဟံ - အကျွန်ုပ်သည် ။ ဗန္ဓာမိ - ဖွဲ့ပါ၏ ။
( ၈ ) ။ ဣဓ ၀ါ - ဤလူ့ပြည်၌လည်းကောင်း ။ ဟုရံ ၀ါ - နဂါး ဂဠုန်စသည် ပြည်တပါး၌လည်းကောင်း ။ ယံကိဉ္စိ - အလုံးစုံသော ။ ၀ိတ္တံ - ဥစ္စာရတနာသည် ။ အတ္ထိ - ရှိ၏ ။ သဂ္ဂေသု ၀ါ - နတ်ပြည် ဗြဟ္မာ့ပြည်တို့၌လည်းကောင်း ။ ပဏီတံ - ကောင်းမြတ်သော ။ ယံ ရတနံ - အကြင်ရတနာသည်။ အတ္ထိ - ရှိပါပေ၏ ။ ဧတ္ထ - ဤရတနာတို့တွင် ။ တထာဂတေန - မြတ်စွာဘုရားနှင့် ။ သမံ - တူညီသော ရတနာကား ။ န နော အတ္ထိ - မရှိသည်သာတည်း ။ ဗုဒ္ဓေ - မြတ်စွာဘုရားတည်းဟူသော ။ ဣဒမ္ပိ ရတနံ - ဤရတနာ၏အဖြစ် နှစ်သက်ဖွယ် ဂုဏ်ရည်သည်လည်း ။ ပဏီတံ - ထူးမြတ်လှပါပေ၏ ။ ဧတေန သစ္စေန - ဤသစ္စာစကားကြောင့် ။ သုဝတ္ထိ ဟောတု - သတ္တ၀ါတွေ ချမ်းသာပါစေသတည်း ။ 
( ၉ ) ။ ဣဓ ၀ါ - ဤလူ့ပြည်၌လည်းကောင်း ။ ဟုရံ ၀ါ - နဂါး ဂဠုန်စသည် ပြည်တပါး၌လည်းကောင်း ။ ယံကိဉ္စိ - အလုံးစုံသော ။ ၀ိတ္တံ - ဥစ္စာရတနာသည် ။ အတ္ထိ - ရှိ၏ ။ သဂ္ဂေသု ၀ါ - နတ်ပြည် ဗြဟ္မာ့ပြည်တို့၌လည်းကောင်း ။ ပဏီတံ - ကောင်းမြတ်သော။ ယံ ရတနံ - အကြင်ရတနာသည် ။ အတ္ထိ - ရှိပါပေ၏ ။ ဧတ္ထ - ဤရတနာတို့တွင် ။ တထာဂတေန - မြတ်စွာဘုရား ဟောကြားတော်မူသော တရားတော်နှင့် ။ သမံ - တူညီသော ရတနာသည်ကား ။ န နော အတ္ထိ - မရှိသည်သာတည်း ။ ဓမ္မေ - တရားတောါမြတ်၌။ ဣဒမ္ပိ ရတနံ - ဤရတနာ၏အဖြစ် နှစ်သက်ဖွယ် ဂုဏ်ရည်သည်လည်း ။ ပဏီတံ - ထူးမြတ်လှပါပေ၏ ။ ဧတေန သစ္စေန - ဤသစ္စာစကားကြောင့် ။ သုဝတ္ထိ ဟောတု - သတ္တ၀ါတွေ ချမ်းသာပါစေသတည်း ။ 
( ၁၀ ) ။ ဣဓ ၀ါ - ဤလူ့ပြည်၌လည်းကောင်း ။ ဟုရံ ၀ါ - နဂါး ဂဠုန်စသည် ပြည်တပါး၌လည်းကောင်း ။ ယံကိဉ္စိ - အလုံးစုံသော ။ ၀ိတ္တံ - ဥစ္စာရတနာသည် ။ အတ္ထိ - ရှိ၏ ။ သဂ္ဂေသု ၀ါ - နတ်ပြည် ဗြဟ္မာ့ပြည်တို့၌လည်း ။ ပဏီတံ - ကောင်းမြတ်သော ။ ယံ ရတနံ - အကြင်ရတနာသည် ။ အတ္ထိ - ရှိပါပေ၏ ။ ဧတ္ထ - ဤရတနာတို့တွင် ။ တထာဂတေန - မြတ်စွာဘုရား၏ တပည့်သား သံဃာတော်တို့နှင့် ။ သမံ - တူညီသော ရတနာသည်ကား ။ န နော အတ္ထိ - မရှိသည်သာတည်း ။ သံဃေ - သံဃာတော်မြတ်၌ ။ ဣဒမ္ပိ ရတနံ - ဤရတနာ၏အဖြစ် နှစ်သက်ဖွယ် ဂုဏ်ရည်သည်လည်း ။ ပဏီတံ - ထူးမြတ်လှပါပေ၏ ။ ဧတေန သစ္စေန - ဤသစ္စာစကားကြောင့် ။ သုဝတ္ထိ ဟောတု - သတ္တ၀ါတွေ ချမ်းသာပါစေသတည်း ။  
( ၁၁ ) ။ သဗ္ဗမင်္ဂလံ - ခပ်သိမ်းသော ပစ္စုပ္ပန်သံသရာ ချမ်းသာစီးပွားများခြင်း၏အကြောင်း ကောင်းမြတ်သော မင်္ဂလာအပေါင်းသည် ။ ဘ၀တု - ဖြစ်ပါစေသတည်း ။ သဗ္ဗဒေ၀တာ - ခပ်သိမ်းသော နတ်တို့သည် ။ ရက္ခန္တု - စောင့်ရှောက်ကြပါစေကုန်သတည်း ။ သဗ္ဗဗုဒ္ဓါနုဘာဝေန - ခပ်သိမ်းသော ဘုရားရှင်တို့၏ဂုဏ်ကို အာရုံပြု၍ဖြစ်သော စေတနာ၏ တန်ခိုးအာနုဘော်ကြောင့် ။ တေ - ထို သတ္တ၀ါတို့သည် ။ သဒါ - အခါခပ်သိမ်း ။ သုခီ - ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်းရှိကုန်သည် ။ ဘ၀န္တု - ဖြစ်ကြပါစေကုန်သတည်း ။ 
( ၁၂ ) ။ သဗ္ဗမင်္ဂလံ - ခပ်သိမ်းသော ပစ္စုပ္ပန်သံသရာ ချမ်းသာစီးပွားများခြင်း၏အကြောင်း ကောင်းမြတ်သော မင်္ဂလာအပေါင်းသည် ။ ဘ၀တု - ဖြစ်ပါစေသတည်း။ သဗ္ဗဒေ၀တာ - ခပ်သိမ်းသော နတ်တို့သည် ။ ရက္ခန္တု - စောင့်ရှောက်ကြပါစေကုန်သတည်း ။ သဗ္ဗ္ဗဓမ္မာနုဘာဝေန - ခပ်သိမ်းသော တရားတော်တို့၏ဂုဏ်ကို အာရုံပြု၍ဖြစ်သော စေတနာ၏ တန်ခိုးအာနုဘော်ကြောင့် ။ တေ - ထို သတ္တ၀ါတို့သည် ။ သဒါ - အခါခပ်သိမ်း ။ သုခီ - ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်းရှိကုန်သည် ။ ဘ၀န္တု - ဖြစ်ကြပါစေကုန်သတည်း ။ 
( ၁၃ ) ။ သဗ္ဗမင်္ဂလံ - ခပ်သိမ်းသော ပစ္စုပ္ပန်သံသရာ ချမ်းသာစီးပွားများခြင်း၏အကြောင်း ကောင်းမြတ်သော မင်္ဂလာအပေါင်းသည် ။ ဘ၀တု - ဖြစ်ပါစေသတည်း ။ သဗ္ဗဒေ၀တာ - ခပ်သိမ်းသော နတ်တို့သည် ။ ရက္ခန္တု - စောင့်ရှောက်ကြပါစေကုန်သတည်း ။ သံဃာနုဘာဝေန - ခပ်သိမ်းသော သံဃာတော်တို့၏ဂုဏ်ကို အာရုံပြု၍ဖြစ်သော စေတနာ၏ တန်ခိုးအာနုဘော်ကြောင့် ။ တေ - ထို သတ္တ၀ါတို့သည် ။ သဒါ - အခါခပ်သိမ်း ။ သုခီ - ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်းရှိကုန်သည်။ ဘ၀န္တု - ဖြစ်ကြပါစေကုန်သတည်း ။    
( ၁၄ ) ။ မဟာကာရုဏိကော - ကြီးမြတ်သော ကရုဏာ ရှိတော်မူသော ။ နာထော - မြတ်စွာဘုရားသည် ။ သဗ္ဗပါဏိနံ - ခပ်သိမ်းသော သတ္တ၀ါတို့၏ ။ ဟိတာယ - အကျိုးစီးပွါးအလို့ငှာ ။ သဗ္ဗာ - ခပ်သိမ်းကုန်သော ။ ပါရမီ - ပါရမီတော်တို့ကို ။ ပူရေတွာ - ဖြည့်ကျင့်တော်မူ၍ ။ ဥတ္တမံ - ထူးမြတ်သော ။ သမ္ဗောဓိံ- အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်သို့ ။ ပတ္တော - ရောက်တော်မူခဲ့လေပြီ ။ ဧတေန သစ္စ၀ဇ္ဇေန - ဤသို့ မှန်ကန်သော သစ္စာစကားကို ဆိုခြင်းတည်းဟူသော သစ္စာစကားကြောင့် ။ တေ - သင့်အား ။ သဗ္ဗဒါ - အခါခပ်သိမ်း ။ သောတ္ထိ - ချမ်းသာခြင်းသည် ။ ဟောတု - ဖြစ်ပါစေသတည်း ။ 
( ၁၅ ) ။ သကျာနံ - သာကီဝင် မင်းသားတို့၏ ။ နန္ဒိဝဍ္ဎနော - နှစ်သက်ခြင်းကို ပွားစေတတ်သော မြတ်စွာဘုရားသည် ။ ဗောဓိယာ - ဗောဓိညောင်ပင်၏ ။ မူလေ - အနီးဖြစ်သော အပရာဇိတ ပလ္လင်၌ ။ ဇယန္တော ယထာ - မာရ်ငါးပါးကို အောင်မြင်တော်မူသကဲ့သို့ ။ ဧဝမေဝ - ဤအတူသာလျှင် ။ ဇယော - ဘေးရန်ခပင်း အောင်မြင်ခြင်းသည် ။ ဟောတု - ဖြစ်ပါစေသတည်း ။ ဇယမင်္ဂလေ - ရန်အပေါင်းကို  အောင်ရာအောင်ကြောင်း ကောင်းမြတ်သော မင်္ဂလာတို့ကို ။ တွံ - သင်သည် ။ ဇယဿု - အောင်မြင်ပါစေသတည်း ။ 
( ၁၆ ) ။ သဗ္ဗဗုဒ္ဓါနံ - ခပ်သိမ်းသော မြတ်စွာဘုရားတို့၏ ။ အဘိသေကေ - အဘိသိက် ခံတော်မူရာ ဌာနဖြစ်သော ။  ပုထုဝိပုက္ခလေ - မြေအပြင်၌ သန့်ရှင်းစင်ကြယ်သော ။ သီသေ - မြေတို့၏ အထွတ်အထိပ်ဖြစ်သော ။ အပရာဇိတပလ္လင်္ကေ - အပရာဇိတမည်တွင် ပလ္လင်တော်၌ ။ အဂ္ဂပ္ပတ္တော - မြတ်သော ဘုရားအဖြစ်သို့ ရောက်တော်မူသည်ဖြစ်၍ ။ ဘဂဝါ - မြတ်စွာဘုရားသည် ။ ပမောဒတိ - အလွန်ရွှင်လန်း ၀မ်းမြောက်တော်မူရပေ၏ ။ ဧ၀မေဝ - ဤအတူသာလျှင် ။ 
အဂ္ဂပ္ပတ္တော - မြတ်သောအလိုသို့ ရောက်သည် ဖြစ်၍ ။ တွံ - သင်သည် ။ ပမောဒဿု - ၀မ်းမြောက်ပါစေသတည်း ။ 
( ၁၇ ) ။ သုနက္ခတ္တံ - ကောင်းသောနက္ခတ်သည်လည်ကောင်း ။ သုမင်္ဂလံ - ကောင်းသောမင်္ဂလာသည်လည်းကောင်း ။ သုပ္ပဘာတံ - ကောင်းသော မိုးသောက်ခြင်းသည်လည်းကောင်း ။ သုဟုဋ္ဌိတံ - ကောင်းစွာ အိပ်ရာမှ ထရခြင်းသည်လည်းကောင်း ။ သုခဏော - ကောင်းသော ခဏသည်လည်းကောင်း ။ သုမုဟုတ္တော စ - ကောင်းသော မုဟုတ်သည်လည်းကောင်း ။ ဗြဟ္မစာရိသု - မြတ်သော အကျင့်ကို ကျင့်လေ့ရှိသော ပုဂ္ဂိုလ်တို့၌ ။ သုယိဋ္ဌံ - ကောင်းစွာပူဇော်ခြင်းသည်လည်းကောင်း ။ ဟောတု - ဖြစ်ပါစေသတည်း ။
( ၁၈ ) ။ ပဒက္ခိဏံ  - မြတ်သော ။ ကာယကမ္မံ - ကာယကံသည်လည်းကောင်း ။ ပဒက္ခိဏံ  - မြတ်သော ။ ဝါစာကမ္မံ - ဝစီကံသည်လည်းကောင်း ။ ပဒက္ခိဏံ - မြတ်သော ။ မနောကမ္မံ - မနောကံသည်လည်းကောင်း ။ ပဒက္ခိဏေ - မြတ်သောကံ၌ ။  ပဏီဓိ - ဆောက်တည်ခြင်းသည်လည်းကောင်း ။ တေ - သင့်အား ။ ဟောတု - ဖြစ်ပါစေသတည်း ။
( ၁၉ ) ။ ယေ သတ္တာ - အကြင်သတ္တဝါတို့သည် ။ ပဒက္ခိဏာနိ - မြတ်သောကံတို့ကို ။ ကတွာန - ပြုကြကုန်၍ ။ ပဒက္ခိဏေ - မြတ်ကုန်သော ။ အတ္ထေ - အကျိုးတို့ကို ။ လဘန္တိ - ရရှိကြကုန်၏ ။ တေ သတ္တာ - ထိုသတ္တဝါတို့သည် ။ အတ္ထလဒ္ဓါ -  ကောင်းမြတ်သောအကျိုးကို ရရှိကုန်သည်ဖြစ်၍ ။ သုခိတာ - ချမ်းသာခြင်းသို့ ရောက်ရှိကြကုန်သည်ဖြစ်၍ ။ ဗုဒ္ဓသာသနေ - မြတ်စွာဘုရားသာသနာတော်၌ ။ ၀ိရူဠှာ - စည်ပင်ပြန့်ပွား များကုန်သည်ဖြစ်၍ ။ သဗ္ဗေဟိ - ခပ်သိမ်းကုန်သော ။ ဥာတိဘိ - ဆွေမျိုးတို့နှင့် ။ သဟ - အတူတကွ ။ အရောဂါ - အနာရောဂါ ကင်းကုန်သည် ။ သုခိတာ - ချမ်းသာခြင်းသို့ ရောက်ကြကုန်သည် ။ ဟောန္တု - ဖြစ်ကြပါစေကုန်သတည်း ။ 
ပုဗ္ဗဏှသုတ္တံ - ပုဗ္ဗဏှသုတ် ပရိတ်တော်သည် ။ 
နိဋ္ဌိတံ - ပြီးဆုံးပါ၏ ။         ။
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
#သမ္မတ_ဆယ်ဆောင်တွဲ_စာအုပ်မှ 
#ကူးယူရေးသား_ဖော်ပြပါသည် ။
ပြီး.....။
သိန်းစိုးကွန်ပျူတာ
59th Streets, Between 27th Streets &, 28th St, မန္တလေး
09 45600 1002
https://goo.gl/maps/ZYV9w7CV7VQ2
Comments